မက်ဒရစ် မှာ သမိုင်းတစ်ခု ဖန်တီးနိုင်ဖို့ ရှိနေတဲ့ မာနေး – ချန်ပီယံလိဂ်ဖိုင်နယ် နဲ့ ပက်သက်တဲ့ စိတ်ဝင်စားစရာ အချက်အလက်များ

မက်ဒရစ် မှာ သမိုင်းတစ်ခု ဖန်တီးနိုင်ဖို့ ရှိနေတဲ့ မာနေး – ချန်ပီယံလိဂ်ဖိုင်နယ် နဲ့ ပက်သက်တဲ့ စိတ်ဝင်စားစရာ အချက်အလက်များ

ဆာဒီယို မာနေး အနေနဲ့ ယနေ့ည တော့တင်ဟမ် နဲ့ချန်ပီယံလိဂ် ဖိုင်နယ် မှာ ဂိုးပေါက် ရှာတွေ့ ခဲ့မယ် ဆိုရင် လီဗာပူး ရဲ့ သမိုင်းမှတ်တမ်းထဲ ၀င်သွားမှာ ဖြစ်ပါတယ်။ ဆီနီဂေါ တိုက်စစ်မှုး အနေနဲ့ Wanda Metropolitano ကွင်းမှာ ဂိုး ရခဲ့မယ် ဆိုရင် ချန်ပီယံလိဂ် ဖိုင်နယ်မှာ ၂ နှစ်ဆက်တိုက် ဂိုးသွင်း နိုင်ခဲ့တဲ့ ပထမဦးဆုံး လီဗာပူး ကစးသမား ဖြစ်လာမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီ က ရီးရဲယ်မက်ဒရစ် ကို ကိယက်မှာ ရှုံးခဲ့တဲ့ ပွဲမှာ ဂိုးသွင်း နိုင်ခဲ့တဲ့ မာနေး ဟာ လွန်ခဲ့တဲ့ ၁၉၇၇ နဲ့ ၁၉၈၄ ကြားမှာ ဖီးလ်နေး ပြီးနောက် European Cup/ Champion League ဖိုင်နယ်တွေမှာ ဂိုးသွင်း နိုင်ခဲ့တဲ့ ဒုတိယမြောက် လီဗာပူး ကစားသမား ဖြစ်လာ မှာပါ။

ယနေ့ညက စပါးနဲ့ ပွဲစဉ် ကတော့ လီဗာပူး ရဲ့ ၉ ကြိမ်မြောက် European Cup Final ဖြစ်လာမှာ ဖြစ်ပါတယ်။ လီဗာပူး ဟာ ဒီပြိုင်ပွဲမှာ ၂ ရာသီဆက် ဖိုင်နယ် ကစားခဲ့မှု အရင်က ၂ ကြိမ် ရှိခဲ့ပြီး ၁၉၇၆-၇၇ နဲ့ ၁၉၇၇-၇၈ ဘောလုံးရာသီတွေနဲ့ ၁၉၈၃-၈၄ နဲ့ ၁၉၈၄-၈၅ ရာသီတွေမှာ ဖြစ်ပါတယ်။တော့တင်ဟမ် နဲ့ ရင်ဆိုင် ခဲ့တဲ့ ကိုးပွဲမှာ လီဗာပူး မန်နေဂျာ ယာဂန်ကလော့ ဟာ ၁ ပွဲသာ ရှုံးနိမ့် ထားခဲ့ပြီး ၄ ပွဲနိုင် ၄ ပွဲသရေ ကျခဲ့ပါတယ်။

ဒီနှစ်သင်းဟာ ဥရောပ မှာ အရင်က တစ်ကြိမ်သာ တွေ့ဆုံ ခဲ့ဖူးပြီး လွန်ခဲ့တဲ့ ၁၉၇၂-၇၃ ယူအီးအက်ဖ်အေ ဖလားမှာ ဖြစ်ကာ အဆိုပါ အချိန်က လီဗာပူးဟာ အဝေးဂိုး စည်းမျဉ်း (၂-၂) နဲ့ အနိုင်ရရှိ ခဲ့ကာ အဆိုပါ ရာသီမှာ ဆုဖလား ကို ကိုင်မြှောက် နိုင်ခဲ့ ပါတယ်။

လီဗာပူး နဲ့ စပါး တို့ဟာ ပြည်တွင်း ဖလား ဖိုင်နယ်မှာလည်း ၁ကြိမ် တွေ့ဆုံ ဖူးထား ခဲ့ပြီး လီဗာပူး ဟာ ၁၉၈၂ ခုနှစ် ၀င်ဘာလေမှာ ကျင်းပခဲ့တဲ့ လိဂ်ဖလား ဖိုင်နယ်မှာ စပါးကို အချိန်ပို ကစား ခဲ့ပြီးနောက် ၃-၁ နဲ့ နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကလော့ရဲ့ အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ တော့တင်ဟမ် ကို ၂-၁ နဲ့ နှစ်ကျော့စလုံး နိုင်ခဲ့ပါတယ်။

ဂျော်ဒန် ဟန်ဒါဆန် ဟာ အမ်မလင်းဟူ့ခ်ျ ၊ စတီဗင်ဂျာရတ် နဲ့ နော့တင်ဟမ်ဖောရက်ရဲ့ ဂျွန်မက်ဂိုဗန် တို့ပြီးနောက် ဥရောပဖလား ဖိုင်နယ် ၂ ခုမှာ အင်္ဂလန်ကလပ် တစ်ခုကို အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူကစား ခဲ့တဲ့ စတုတ္ထမြောက် ကစားသမား ဖြစ်လာ ခဲ့ပါတယ်။

ချန်ပီယံလိဂ် သွင်းဂိုး ၁၀ ဂိုး အနည်းဆုံး သွင်းယူ ထားခဲ့တဲ့ ကစားသမားတွေ ထဲမှာ မာနေးဟာ ပြိုင်ပွဲရဲ့ ရှုံးထွက် အဆင့်တွေမှာ အမြင့်ဆုံး သွင်းဂိုး အချိုး (၇၁.၄) ကို ပိုင်ဆိုင် နေပြီး ဆီနီဂေါ တိုက်စစ်မှုးဟာ ရှုံးထွက်အဆင့် တွေမှာ ၎င်းရဲ့ သွင်းဂိုး စုစုပေါင်း ၁၄ ဂိုးထဲက ၁၀ ဂိုးကို သွင်းယူ ထားခဲ့ပါတယ်။ မာနေး အနေနဲ့ European Cup/ Champion League ဖိုင်နယ်မှာ ဂိုးသွင်း နိုင်ခဲ့တဲ့ အာဖရိက ကစားသမား လေးဦးထဲက တစ်ဦး ဖြစ်ပါတယ်။ အခြား ကစားသမားတွေ ကတော့ ရာဘင်မက်ဂျာ ( ပေါ်တို ၁၉၇၇ ) ၊ ဆယ်မြူရယ်အီတိုး ( ဘာစီလိုနာ ၂၀၀၆ နဲ့ ၂၀၀၉ ) နဲ့ ဒီဒီယာဒရော့ဘာ ( ချဲလ်ဆီး ၂၀၁၂ ) တို့ ဖြစ်ကြပါတယ်။ မာနေး အနေနဲ့ မက်ဒရစ်မှာသာ ဂိုးရခဲ့မယ် ဆိုရင် ချန်ပီယံလိဂ် ဖိုင်နယ် တစ်ခုထက် ပိုပြီး ဂိုးသွင်း နိုင်ခဲ့တဲ့ ၈ ယောက်မြောက် ကစားသမား ဖြစ်လာမှာပါ။

ဒါဟာ လီဗာပူး နဲ့ အတူ ကလော့ ရဲ့ တတိယမြောက် European Final ဖြစ်ပြီး ဘော့ပရက်စလေ (၄ကြိမ်) ကသာ ကလပ်အသင်းကို ဖိုင်နယ် ပိုမို ပို့ဆောင် ပေးခဲ့ ပါတယ်။ ဂျာမန်နည်းပြဟာ သူ့ရဲ့ ပထမဦးဆုံး ဥရောပ ရာသီ ၃ ခု စလုံးမှာ အင်္ဂလန် ကလပ်ကို ဥရောပ ဖိုင်နယ် ၃ ကြိမ်စလုံး တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးထားတဲ့ ပထမဦးဆုံး မန်နေဂျာ ဖြစ်လာ ပါတယ်။

မက်ဒရစ်မှာ အောင်နိုင်ခဲ့မယ် ဆိုရင် လီဗာပူးဟာ ၆ကြိမ်မြောက် ချန်ပီယံလိဂ် ဖလားကို ရရှိမှာ ဖြစ်ပြီး ရီးရဲယ်မက်ဒရစ် ၁၃ကြိမ် ၊ အေစီမီလန် ၇ကြိမ် တို့ပြီးနောက် တတိယမြောက် အအောင်မြင်ဆုံး ကလပ် ဖြစ်လာမှာပါ။လီဗာပူးရဲ့ ပြီးခဲ့တဲ့ အောင်မြင်မှု ငါးကြိမ်စလုံးဟာ အဖြူရောင် အကျီကို ၀တ်ဆင်ခဲ့တဲ့ ပြိုင်ဘက်တွေနဲ့ ဖြစ်ပြီး တော့တင်ဟမ် ကလည်း ယနေ့ညမှာ အဖြူရောင် ၀တ်ဆင်မှာ ဖြစ်ပါတယ်။

လီဗာပူးဟာ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ နောက်ဆုံး ၁၅ မိနစ်မှာ သွင်းဂိုး ၃၁ ဂိုး သွင်းယူ နိုင်ခဲ့ပြီး အဆိုပါ ဂိုးတွေထဲက ၆ ဂိုး ကတော့ ချန်ပီယံလိဂ် မှာ ဖြစ်ပါတယ်။ လီဗာပူး ဟာ European Cup မှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူ ခဲ့တဲ့ ၃ကြိမ်စလုံး အနိုင် ရရှိခဲ့ပြီး ၁၉၈၄ ဖိုင်နယ်က ရိုးမား ၊ ၂၀၀၅ ခုနှစ် အစ္စတန်ဘူဖိုင်နယ်မှာ အေစီမီလန် နဲ့ ၂၀၀၇ ခုနှစ် ဆီမီးဖိုင်နယ်မှာ ချဲလ်ဆီး တို့ ဖြစ်ပါတယ်။

မက်ဒရစ်မှာ ကစား ရမယ့် ပွဲဟာ လီဗာပူး ရဲ့ ၁၄ ကြိမ်မြောက် ဥရောပ ဖိုင်နယ် ဖြစ်လာမှာ ဖြစ်တဲ့အပြင် European Cup/ Champion League မှာ ၉ ကြိမ်မြောက် ဖြစ်ပါတယ်။ဒါဟာ တော့တင်ဟမ် အတွက် ၅ကြိမ်မြောက် European Final (Cup Winners’ Cup ၁၉၆၃ ၊ ယူအီးအက်အေဖလား ၁၉၇၂ ၁၉၇၄ ၊ ၁၉၈၄ ) ဖြစ်ပြီး ချန်ပီယံလိဂ် မှာတော့ ပထမဦးဆုံး အကြိမ် ဖြစ်ပါတယ်။

ပိုချက်တီနို ဟာ တော့တင်ဟမ် မန်နေဂျာ ဘ၀ ၎င်းရဲ့ ပထမဦးဆုံး ရှုံးပွဲ ကို လီဗာပူး နဲ့ ပွဲမှာ ကြုံတွေ့ ခဲ့၇တာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် သြဂုတ်လက ၀ွိုက်ဟန်လိန်းမှာ ၃-၀ န့ ရှုံးခဲ့တာပါ။ ဆောက်သမ်တန် မန်နေဂျာဟောင်းဟာ လီဗာပူး နဲ့ ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ၃ ပွဲ အနိုင် ရရှိထားခဲ့ပြီး ၄ ပွဲသရေ ၊ ၇ ပွဲရှုံးခဲ့ ပါတယ်။

Credit: Sports Myanmar

Be the first to comment on "မက်ဒရစ် မှာ သမိုင်းတစ်ခု ဖန်တီးနိုင်ဖို့ ရှိနေတဲ့ မာနေး – ချန်ပီယံလိဂ်ဖိုင်နယ် နဲ့ ပက်သက်တဲ့ စိတ်ဝင်စားစရာ အချက်အလက်များ"

Leave a comment

Your email address will not be published.


*