ယူနိုက်တက် ( သို့မဟုတ် ) အဲဗာတန် အသင်းဆီ ပြန်လာဖို့ စီစဉ်နေတဲ့ #ဝိန်းရွန်းနီ

ယူနိုက်တက် ( သို့မဟုတ် ) အဲဗာတန် အသင်းဆီ ပြန်လာဖို့ စီစဉ်နေတဲ့ #ဝိန်းရွန်းနီ

အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟောင်း ဖြစ်သူ ဝိန်း ရွန်းနီ ကတော့ အသင်း ဟောင်းတွေ ဖြစ် ကြတဲ့ မန်ချက်စတာ ယူနိုက်တက် ( သို့ ) အဲဗာတန် အသင်း ဆီ ပြန်လာ ဖို့ လုပ်ဆောင် နေတယ် လို့ သိရှိ ရ ပါတယ် ။

ဒါပေမဲ့ ကစားသမား အဖြစ် မဟုတ်ပဲ နည်းပြ အဖွဲ့ဝင် တစ်ဦး အဖြစ် သာ ပြန်လာ လိုတာ ဖြစ်တယ် လို့ သိရှိ ရ ပါတယ် ။ သူ့ရဲ့ ကစားသမား ဘဝ ကိုတော့ ဝိန်းဟာ မေဂျာလိဂ် ကလပ် DC ယူနိုက်တက် အသင်း မှာသာ ကုန်ဆုံး လိုနေ ပါတယ် ။

ဒါပေမဲ့ အသက် 33 နှစ် ရှိပြီ ဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင် က သူ့ရဲ့ ကစားသမား ဘဝ ကို ဘယ်တော့ အဆုံးသတ် မလဲ ဆိုတာ ကိုတော့ လက်ရှိ ဘောလုံး ရာသီ ကုန်မှ စဉ်းစား သွားဖို့ ရှိနေ ကြောင်း ဆိုသွား ခဲ့လိုက် ပါတယ် ။

” ကျွန်တော် အခု အဆင်ပြေ ပါတယ် ။ ဒီ ရာသီ ပြီးရင် တော့ ကျွန်တော် ဒီမှာ ကစား နေတာ 2 နှစ် ရှိ ပါပြီ ။ အဲ့တာ ပြီးရင် တော့ ကျွန်တော် ဘယ်လို ခံစား နေရ သလဲ ဆိုတဲ့ အပေါ် မူတည် ပြီး ဆက် ကစား ရ မလား ၊ မကစား ရဘူး လား ဆိုတာ ဆုံးဖြတ် သွား ပါ့မယ် ”

ရီိယို ဖာဒီနန်

” ကျွန်တော့် ကစားသမား ဘဝ ကိုတော့ ဒီ အသင်း မှာပဲ ကုန်ဆုံး မှာ ဖြစ်ပြီး ဘယ်လို ကမ်းလှမ်း မှုတွေ ဆက်လာ မလဲ ဆိုတာ ကိုတော့ စောင့်ကြည့် သွား ပါ့မယ် ။ ကျွန်တော့် ကစားသ မား ဘဝ ကုန်ရင် တော့ နည်းပြ လိုင်းဖက် ကို တန်း ကူးမှာ ပါ ၊ ဘယ်လို ရာထူး နဲ့ ဖြစ်ဖြစ် ပေါ့ ။ ဘယ်လို အခွင့် အလမ်း တွေ ရရှိ သွား မလဲ ဆိုတာ တော့ စောင့်ကြည့် သွား ရမှာ ပေါ့ ” လို့ ဝိန်းက ဆိုသွား ခဲ့ ပါတယ် ။

အဲ့ဒီနောက် သူဟာ တစ်ချိန် မှာ အင်္ဂလန် မြေကို ပြန်လာ ဖို့ ရှိနေ တဲ့ အကြောင်း ဆက်လက် ဆိုသွား ခဲ့ ပါတယ် ။ ယူနိုက်တက် နဲ့ အင်္ဂလန် လက်ရွေးစင် ရဲ့ သမိုင်း တစ်လျောက် ဂိုး အများဆုံး သွင်းယူ ထားသူ အဖြစ် ရှိနေ တဲ့ ဝိန်း ကတော့ အင်္ဂလန် မြေမှာ အသင်း ဟောင်းတွေ ဖြစ်ကြ တဲ့ အဲဗာတန် နဲ့ ယူနိုက်တက် တို့ကို ရွေးချယ် သွားဖို့ ရှိနေ ပါတယ် ။

” အင်္ဂလန် မြေမှာ အဲဗာတန် နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း တွေ ရှိနေ ပါတယ် ။ ကျွန်တော့် အတွက် တော့ အဲ့ဒီ အသင်း တွေက ပိုပြီး အဆင်ပြေ ပါ လိမ့်မယ် ။ အဲ့ဗာတန် ဆိုတာ ကျွန်တော် အမြဲတမ်း ချစ်ပြီး အားပေး တဲ့ အသင်း အဖြစ် ရှိနေ ဆဲ ပါပဲ ”

” ကျွန်တော် သူတို့ ရဲ့ ပွဲစဉ် တိုင်းကို အားပေး ဖြစ်ခဲ့ ပါတယ် ။ သူတို့ ချဲလ်ဆီး နဲ့ FA ဖလား ဖိုင်နယ် ကစား ခဲ့တဲ့ ပွဲစဉ် အပါအဝင် ပေါ့ ။ အဲ့ဒီ တုန်းက ကျွန်တော် မန်ချက်စတာ ယူနိုက်တက် အသင်း မှာ ကစား နေခဲ့ တာပါ ။ သူတို့ က ဆီမီး ဖိုင်နယ် မှာ ကျွန်တော် တို့ကို ကျော်ဖြတ် နိုင်ခဲ့ ကြတယ် လေ ”

” ကျွန်တော် သူတို့ နှစ်သင်း လုံးကို အမြဲလို စောင့်ကြည့် ဖြစ်ခဲ့ ပါတယ် ။ ကျွန်တော် အမြဲတမ်း အနိုင် ရရှိ စေချင် တဲ့ အသင်း တွေက သူတို့ နှစ်သင်း ပဲလေ ” လို့ ဝိန်း ရွန်းနီ က ဆိုသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar

 

 

Be the first to comment on "ယူနိုက်တက် ( သို့မဟုတ် ) အဲဗာတန် အသင်းဆီ ပြန်လာဖို့ စီစဉ်နေတဲ့ #ဝိန်းရွန်းနီ"

Leave a comment

Your email address will not be published.


*