#Breaking_News : ဂ်ဴဗီနဲ႔ သေဘာတူညီမႈ ရယူလိုက္ျပီ ျဖစ္တဲ့ ဆာရီ ၊ ခ်ဲဆီးကေန ထြက္ခြာခြင့္ေပးဖို႔ ေတာင္းဆိုထား

အေစာပိုင္း သတင္းေတြ ထြက္ေပၚ ထားခဲ့သည့္ အတိုင္း ဆာရီဟာ ဂ်ဴဗီ နည္းျပ ရာထူးကို ရယူဖို႔ သေဘာတူညီမႈ ရယူခဲ့ျပီ လို႔ သိရပါတယ္။

ဂ်ဴဗီဟာ ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈ ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ျခင္း မရွိတဲ့ နည္းျပ အလီဂရီကို လမ္းခြဲဖို႔ ဆံုးျဖတ္ခဲ့ျပီးေနာက္ ၊ နည္းျပ သစ္ ရွာပံုေတာ္ ဖြင့္ေနခဲ့တာ ျဖစ္ပါတယ္။ ကနဦးမွာေတာ့ ျပင္သစ္ ကို ကမၻာ့ဖလား ယူေပးခဲ့တဲ့ နည္းျပ ဒက္ခ်မ့္ ၊ စပါးကို ခ်န္ပီယံလိဂ္ ဗုိလ္လုပြဲ အထိ ပို႔ေပးထားတဲ့ ပိုခ်က္တီႏို တို႔ကိုပါ လ်ာထားစာရင္းမွာ ထည့္သြင္းခဲ့ေပမယ့္ ၊ အသင္းနဲ႔ ဘာသာစကား အရေရာ ၊ ယဥ္ေက်းမႈ အပုိင္းအရပါ ပိုျပီး နီးစပ္တဲ့ ဆာရီကို အဓိက ပစ္မွတ္ အျဖစ္ သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။

ဆာရီ

ဆာရီဟာ နာပိုလီ အသင္းကို ကိုင္တြယ္ စဥ္ကတည္းက အီတလီ ရဲ႕ ကစားဟန္ေတြ နဲ႔ ကြဲထြက္ျပီး ၊ ကြင္းထဲမွာ စြမ္းေဆာင္ျပခဲ့တာေၾကာင့္ စီးရီးေအကလပ္ေတြကို သေဘာက် ႏွစ္ျခိဳက္ျခင္း ခံခဲ့ရသူလဲ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဆာရီရဲ႕ ေအးဂ်င့္ ရာမာဒါနီ ဟာ ခ်ဲဆီး အၾကီးအကဲ ဂရာေနာ့ဗ္စကာရီးယား နဲ႔ ကနဦး ေတြ႔ဆံုခဲ့ျပီးျပီ ျဖစ္ျပီး ၊ အသင္းကေန ထြက္ခြာဖို႔ တင္ျပလိုက္ျပီ ျဖစ္ပါတယ္။ အဲဒီ ကေန တဆင့္ အသင္းပိုင္ရွင္ အဗရာမိုဗစ္ခ်္ ထံ ထပ္မံ တင္ျပသြားမွာ ျဖစ္ကာ ၊ ရုရွား သူေဌးၾကီး ဘက္က မီးစိမ္း ျပလိုက္တာနဲ႔ ဆာရီဟာ ဂ်ဴဗီ နဲ႔ တရား၀င္ စာခ်ဳပ္ ခ်ဳပ္ဆုိခြင့္ ရွိေတာ့မွာ ျဖစ္ပါတယ္။

Skysports ကေတာ့ ခ်ဲဆီးဟာ ဆာရီကို ထြက္ခြာခြင့္ေပးဖို႔ သေဘာတူ လိုက္ျပီလို႔ေတာင္ ေဖာ္ျပထားသလို ၊ ဂ်ဴဗီ အေနနဲ႔ ေလ်ာ္ေၾကး တစ္ျပားမွ ေပးစရာ မလုိဘူးလို႔လဲ အခိုင္အမာ ဆိုထားပါတယ္။ ဒါ့အျပင္ ဂ်ဴဗီဟာ နည္းျပ ဆာရီကို တစ္ႏွစ္လုပ္ခ ယူရုိ 7 သန္း ၀န္းက်င္နဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုမွာ ျဖစ္တယ္လို႔ ထပ္မံ ေဖာ္ျပထားပါတယ္။

အီတလီ သတင္းအားလံုးကေတာ့ ဆာရီဟာ ဂ်ဴဗီ နည္းျပသစ္ ျဖစ္လာဖို႔ ေသခ်ာ သေလာက္ ရွိေနျပီဆိုတာ တူညီစြာ ေရးသားေနၾကတာမို႔ ၊ ခ်ဲဆီး ပရိသတ္ေတြ အေနနဲ႔ သူတို႔ အတြက္ ယူရုိပါလိဂ္ ဖလားၾကီးကို ပူပူေႏြးေႏြး ရယူေပးထားတဲ့ နည္းျပၾကီးနဲ႔ မၾကာခင္ လမ္းခြဲရဖြယ္ ရွိေနပါတယ္။

တစ္ဆက္တည္းမွာပဲ ခ်ဲဆီးဟာ ဆာရီရဲ႕ ေနရာကို အစားထိုးဖို႔ အသင္းရဲ႕ ကစားသမားေဟာင္း လမ္းပတ္ကုိ ခ်ဥ္းကပ္ သြားဖြယ္ရွိေနကာ ၊ လူငယ္ ကစားသမား အမ်ားစုကုိ အေျခခံျပီး ျပန္လည္ တည္ေဆာက္ေရးလုပ္ငန္းေတြ စတင္လာဖြယ္ ရွိေနပါတယ္။

ဆာရီကေတာ့ ခ်ဲဆီးကို ကိုင္တြယ္ခဲ့တဲ့ တစ္ရာသီ အတြင္း ကာရာေဘာင္ ဖလား ဗိုလ္လုပြဲ ၊ ပရီးမီးယားလိဂ္ အဆင့္ 3 နဲ႔ ယူရုိပါလိဂ္ ဖလားၾကီးကို သိမ္းပိုက္ သြားခဲ့တာမို႔ ေအာင္ျမင္တဲ့ ေဘာလံုးရာသီ တစ္ခု ျဖတ္းသန္း ႏိုင္ခဲ့တယ္လို႔ ဆုိရမွာပါ။

ဘာပဲ ျဖစ္ျဖစ္ ဂ်ဴဗီမွာ ေအာင္ျမင္ပါေစဗ်ာ………..

SPORTS MYANMAR

Unicode

#Breaking_News : ဂျူဗီနဲ့ သဘောတူညီမှု ရယူလိုက်ပြီ ဖြစ်တဲ့ ဆာရီ ၊ ချဲဆီးကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုထား
*************************************************

အစောပိုင်း သတင်းတွေ ထွက်ပေါ် ထားခဲ့သည့် အတိုင်း ဆာရီဟာ ဂျူဗီ နည်းပြ ရာထူးကို ရယူဖို့ သဘောတူညီမှု ရယူခဲ့ပြီ လို့ သိရပါတယ်။

ဂျူဗီဟာ ချန်ပီယံလိဂ် အောင်မြင်မှု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိတဲ့ နည်းပြ အလီဂရီကို လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ၊ နည်းပြ သစ် ရှာပုံတော် ဖွင့်နေခဲ့တာ ဖြစ်ပါတယ်။ ကနဦးမှာတော့ ပြင်သစ် ကို ကမ္ဘာ့ဖလား ယူပေးခဲ့တဲ့ နည်းပြ ဒက်ချမ့် ၊ စပါးကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ အထိ ပို့ပေးထားတဲ့ ပိုချက်တီနို တို့ကိုပါ လျာထားစာရင်းမှာ ထည့်သွင်းခဲ့ပေမယ့် ၊ အသင်းနဲ့ ဘာသာစကား အရရော ၊ ယဉ်ကျေးမှု အပိုင်းအရပါ ပိုပြီး နီးစပ်တဲ့ ဆာရီကို အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဆာရီဟာ နာပိုလီ အသင်းကို ကိုင်တွယ် စဉ်ကတည်းက အီတလီ ရဲ့ ကစားဟန်တွေ နဲ့ ကွဲထွက်ပြီး ၊ ကွင်းထဲမှာ စွမ်းဆောင်ပြခဲ့တာကြောင့် စီးရီးအေကလပ်တွေကို သဘောကျ နှစ်ခြိုက်ခြင်း ခံခဲ့ရသူလဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆာရီရဲ့ အေးဂျင့် ရာမာဒါနီ ဟာ ချဲဆီး အကြီးအကဲ ဂရာနော့ဗ်စကာရီးယား နဲ့ ကနဦး တွေ့ဆုံခဲ့ပြီးပြီ ဖြစ်ပြီး ၊ အသင်းကနေ ထွက်ခွာဖို့ တင်ပြလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ ကနေ တဆင့် အသင်းပိုင်ရှင် အဗရာမိုဗစ်ချ် ထံ ထပ်မံ တင်ပြသွားမှာ ဖြစ်ကာ ၊ ရုရှား သူဌေးကြီး ဘက်က မီးစိမ်း ပြလိုက်တာနဲ့ ဆာရီဟာ ဂျူဗီ နဲ့ တရားဝင် စာချုပ် ချုပ်ဆိုခွင့် ရှိတော့မှာ ဖြစ်ပါတယ်။

Skysports ကတော့ ချဲဆီးဟာ ဆာရီကို ထွက်ခွာခွင့်ပေးဖို့ သဘောတူ လိုက်ပြီလို့တောင် ဖော်ပြထားသလို ၊ ဂျူဗီ အနေနဲ့ လျော်ကြေး တစ်ပြားမှ ပေးစရာ မလိုဘူးလို့လဲ အခိုင်အမာ ဆိုထားပါတယ်။ ဒါ့အပြင် ဂျူဗီဟာ နည်းပြ ဆာရီကို တစ်နှစ်လုပ်ခ ယူရို 7 သန်း ၀န်းကျင်နဲ့ စာချုပ် ချုပ်ဆိုမှာ ဖြစ်တယ်လို့ ထပ်မံ ဖော်ပြထားပါတယ်။

အီတလီ သတင်းအားလုံးကတော့ ဆာရီဟာ ဂျူဗီ နည်းပြသစ် ဖြစ်လာဖို့ သေချာ သလောက် ရှိနေပြီဆိုတာ တူညီစွာ ရေးသားနေကြတာမို့ ၊ ချဲဆီး ပရိသတ်တွေ အနေနဲ့ သူတို့ အတွက် ယူရိုပါလိဂ် ဖလားကြီးကို ပူပူနွေးနွေး ရယူပေးထားတဲ့ နည်းပြကြီးနဲ့ မကြာခင် လမ်းခွဲရဖွယ် ရှိနေပါတယ်။

တစ်ဆက်တည်းမှာပဲ ချဲဆီးဟာ ဆာရီရဲ့ နေရာကို အစားထိုးဖို့ အသင်းရဲ့ ကစားသမားဟောင်း လမ်းပတ်ကို ချဉ်းကပ် သွားဖွယ်ရှိနေကာ ၊ လူငယ် ကစားသမား အများစုကို အခြေခံပြီး ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေ စတင်လာဖွယ် ရှိနေပါတယ်။

ဆာရီကတော့ ချဲဆီးကို ကိုင်တွယ်ခဲ့တဲ့ တစ်ရာသီ အတွင်း ကာရာဘောင် ဖလား ဗိုလ်လုပွဲ ၊ ပရီးမီးယားလိဂ် အဆင့် 3 နဲ့ ယူရိုပါလိဂ် ဖလားကြီးကို သိမ်းပိုက် သွားခဲ့တာမို့ အောင်မြင်တဲ့ ဘောလုံးရာသီ တစ်ခု ဖြတ်းသန်း နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

ဘာပဲ ဖြစ်ဖြစ် ဂျူဗီမှာ အောင်မြင်ပါစေဗျာ………..

SPORTS MYANMAR

Be the first to comment on "#Breaking_News : ဂ်ဴဗီနဲ႔ သေဘာတူညီမႈ ရယူလိုက္ျပီ ျဖစ္တဲ့ ဆာရီ ၊ ခ်ဲဆီးကေန ထြက္ခြာခြင့္ေပးဖို႔ ေတာင္းဆိုထား"

Leave a comment

Your email address will not be published.


*