ဒီဂီယာ အတွက် စိတ်မကောင်းဖြစ်မိပေမယ့် ပွဲထွက်ခွင့်ရလို့ ပျော်ရွှင်ပါတယ်လို့ ကီပါ ပြောဆို

ဒီဂီယာ အတွက် စိတ်မကောင်းဖြစ်မိပေမယ့် ပွဲထွက်ခွင့်ရလို့ ပျော်ရွှင်ပါတယ်လို့ ကီပါ ပြောဆို

ချဲလ်ဆီး အသင်း ရဲ့ ဂိုး သမားလေး ကီပါ အရစ်ဇာဘလာဂါ ဟာ ယမန်နေ့ ညက ကစား ခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ မှာ စပိန် အသင်း ရဲ့ ဂိုး သမား အဖြစ် နဲ့ ပွဲထွက် ခွင့် ရခဲ့ ပါတယ် ။ ဒါဟာ ကီပါ အတွက် ၂ ပွဲ ဆက် တိုက်ပွဲထွက် ခွင့် ရလာခဲ့ တာ ဖြစ်ပြီး အသင်း ရဲ့ နံပါတ် ၁ ဂိုး သမား ဒီဂီယာ ကတော့ ၂ ပွဲ ဆက် အရန် ခုံ ထိုင် ခဲ့ရတာ လည်း ဖြစ် ပါတယ် ။

ဒီဂီယာ ဟာ ဒီရာသီ မှာ လက်စွမ်း တွေ ကျဆင်း ခဲ့ပြီး မန်ချက် စတာ ယူနိုက်တက် အသင်း နဲ့ အတူ ပေးဂိုးလည်း အလွန်များ ခဲ့ ပါတယ် ။ ကီပါ ကတော့ ချဲလ်ဆီး နဲ့ ယူရိုပါလိဂ် ကို ရယူ ခဲ့ရာမှာ အဓိက ကျ ခဲ့ပြီး လက်စွမ်းကောင်း တွေ ပြသ နိုင်ခဲ့တာ ကြောင့် အခု လို လက်ရွေးစင် အသင်း မှာ နေရာ ရရှိ ခဲ့တာပဲ ဖြစ် ပါတယ် ။

ကီပါ က တော့ ပွဲထွက် ခွင့် မရလို့ ဒီဂီယာ ၀မ်းနည်း နေနိုင်တာ ကို သိနားလည် ပေမယ့် ဒါဟာ နည်းပြ ရဲ့ ဆုံး ဖြတ်ချက် သာ ဖြစ်ပြီး သူ့ အနေနဲ့ ကတော့ ပွဲ ကစားခွင့် ရရှိ တဲ့ အတွက် ၀မ်းသာ ပျော်ရွှင် မိပါတယ် လို့ ဆို သွားခဲ့ ပါတယ် ။

“ဒေးဗစ် ( ဒီဂီယာ ) ၀မ်းနည်း နေတာကို ကျွန်တော် သိပါတယ် ။ ဒါပေမယ့် ဒါက နည်းပြ ရဲ့ ဆုံးဖြတ်ချက် ပါ ။ အဓိကက ဘယ်သူပဲ ကစားကစား ၊ အသင်း အနိုင် ရဖို့ ပါပဲ”

“ကလပ် နဲ့ အတူ အကောင်းဆုံး လုပ်နိုင် ခဲ့ ပါတယ် ၊ ဒါတွေ ကို နိုင်ငံ အသင်းမှာ လည်း ဆက်ပြီး ထိန်းသွားချင် ပါတယ် ။ အခုလို ကစားခွင့် ရတဲ့ အတွက် ပျော်ရွှင် မိပြီး ရှေ့ လာမယ့် ပွဲတွေ မှာလည်း ဆက်ပြီး ပွဲထွက် ခွင့် ရချင် ပါတယ် ။ ဘောလုံး ရာသီကြီး က အရမ်း ရှည်လျား ပါတယ် ။ ကျွန်တော့ ဘက်က အမြဲ အသင့်ဖြစ်နေ ရမှာပါ”

“နိုင်ပွဲ ( စပိန် ၃ – ၀ ဆွီဒင် ) ရခဲ့တဲ့ အတွက် လည်း ၀မ်းသာ မိပါတယ်” လို့ ကီပါ အရစ်ဇာဘလာဂါ က ပြောဆို သွားခဲ့ ပါတယ် ။

စပိန် လက်ရွေးစင် အသင်း ရဲ့ လက်ထောက် နည်းပြ ရော်ဘတ်တို မိုရီနို ကတော့ ဘာကြောင့် ကီပါ ကို ပွဲထုတ် ခဲ့ရသလဲ ဆိုတဲ့ ဆုံးဖြတ်ချက် အပေါ် ဖြေကြားသွားခဲ့ ပြီး ချဲလ်ဆီး နဲ့ ယူရိုပါလိဂ် ရရှိ ခဲ့မှု ဟာ အဓိက ကျခဲ့တယ်လို့ ပါရှိ သွားခဲ့ ပါတယ် ။

“ကျွန်တော်တို့ မှာ ဂိုး သမားကောင်း ၃ ယောက် ရှိ ပါတယ် ။ ကီပါ ဟာ ချဲလ်ဆီး နဲ့ အတူ ယူရိုပါလိဂ် ကို ရထားပြီး အရမ်း စိတ်ဓါတ် တက်ကြွ နေပါတယ် ။ ဒါကို အားသာချက် အဖြစ် နဲ့ ယူချင် လို့ သူ့ကို နေရာပေး ခဲ့ တာပါ ။ အခြား ဘာကိစ္စ မှ မရှိ ပါဘူး” လို့ ဆိုသွားခဲ့ ပါတယ် ။

စပိန် အသင်း ဟာ ယမန်နေ့ ညက ဆွီဒင် အသင်း ကို အနိုင် ရရှိ ခဲ့ပြီး ယူရို ၂၀၂၀ ခြေစစ်ပွဲ မှာ ရာနှုန်းပြည့် အနိုင် နဲ့ အုပ်စု ကို ဦးဆောင် နေခဲ့ ပါတယ် ။

Credit:SPORTS MYANMAR

Be the first to comment on "ဒီဂီယာ အတွက် စိတ်မကောင်းဖြစ်မိပေမယ့် ပွဲထွက်ခွင့်ရလို့ ပျော်ရွှင်ပါတယ်လို့ ကီပါ ပြောဆို"

Leave a comment

Your email address will not be published.


*