ယံုၾကည္မႈအျပည့္နဲ႔ ခ်ယ္လ္ဆီးကို ျပန္လည္ေရာက္ရွိလာမယ့္ ကြင္းလယ္ကစားသမား

ယံုၾကည္မႈအျပည့္နဲ႔ ခ်ယ္လ္ဆီးကို ျပန္လည္ေရာက္ရွိလာမယ့္ ကြင္းလယ္ကစားသမား

ခ်ယ္လ္ဆီးအသင္းကေန ေအစီမီလန္အသင္းကို အငွားနဲ႔ သြားေရာက္ကစားေနခဲ့တဲ့ ကြင္းလယ္လူ ဘာကာယိုကိုဟာ အဂၤလန္ကလပ္အသင္းဆီကို ျပန္လည္ေရာက္ရွိေတာ့မယ္လို႔ ကစားသမားရဲ႕ ေအးဂ်င့္က အတည္ျပဳေျပာဆိုသြားခဲ့ပါတယ္။ မိုနာကိုအသင္းကေန ခ်ယ္လ္ဆီးကို ေျပာင္းေရႊ႕လာခဲ့တဲ့ ဘာကာယိုကိုဟာ ၂၀၁၇ ခုႏွစ္မွာ ခ်ယ္လ္ဆီးကို ေျပာင္းေရႊ႕လာခဲ့သူ ျဖစ္ပါတယ္။

ခ်ယ္လ္ဆီးနဲ႔အတူ အက္ဖ္ေအဖလားကို ဆြတ္ခူးႏိုင္ခဲ့ျပီးေနာက္ ျပီးခဲ့တဲ့ရာသီမွာ ေအစီမီလန္ကို အငွားနဲ႔ သြားေရာက္ကစားခဲ့ရတာျဖစ္ျပီး စီးရီးေအကလပ္အသင္းအတြက္ ျပိဳင္ပြဲစံု (၄၂)ပြဲကစားေပးခဲ့ျပီး သြင္းဂိုး (၁)ဂိုး သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ဘာကာယိုိကိုကို အျခားကလပ္အသင္းတခ်ိဳ႕က ကမ္းလွမ္းမႈေတြ ရွိခဲ့ေပမယ့္လည္း ကစားသမားက ခ်ယ္လ္ဆီးမွာပဲ ျပန္လည္ကစားဖို႔ ေရြးခ်ယ္ခဲ့ပါတယ္။

ခ်ယ္လ္ဆီးအတြက္ ပရီးမီးယားလိဂ္ပြဲ (၂၉)ပြဲအထိ ကစားေပးထားခဲ့တဲ့ ကြင္းလယ္လူဟာ မိုနာကိုမွာျပသခဲ့တဲ့ ေျခစြမ္းမ်ိဳးကို မျပသႏိုင္ခဲ့လို႔ ပရိသတ္ေတြရဲ႕ ေ၀ဖန္မႈကိုပါ ရင္ဆိုင္ခဲ့ရသူျဖစ္ပါတယ္။ ေအစီမီလန္မွာ ပံုမွန္ေျခစြမ္းျပသႏိုင္ခဲ့ျပီးေနာက္ ဘာကာယိုကိုက ယံုၾကည္မႈ
အျပည့္နဲ႔ ခ်ယ္လ္ဆီးမွာ ျပန္လည္ကစားဖို႔ ဆံုးျဖတ္ခဲ့တာလည္း ျဖစ္ပါတယ္။

“ သူ႔ကို ေခၚယူဖို႔အတြက္ ကမ္းလွမ္းမႈအမ်ားအျပား ရရွိခဲ့ပါတယ္၊ ဒါေပမယ့္ သူ႔အတြက္ ခ်ယ္လ္ဆီးက အဓိကပါ၊ ခ်န္ပီယံလိဂ္မွာ သူ ကစားခ်င္ျပီး လက္ရွိမွာလည္း သူကတည္ျငိမ္တဲ့ ကစားသမားဘ၀ကို ျဖတ္သန္းခ်င္ေနပါတယ္၊ ဒီအတြက္ လန္ဒန္မွာ ျပန္လည္ကစားဖို႔ သူ
ဆံုးျဖတ္ခဲ့ပါတယ္” လို႔ ကစားသမားရဲ႕ ေအးဂ်င့္က အတည္ျပဳေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။

Unicode Version

ချယ်လ်ဆီးအသင်းကနေ အေစီမီလန်အသင်းကို အငှားနဲ့ သွားရောက်ကစားနေခဲ့တဲ့ ကွင်းလယ်လူ ဘာကာယိုကိုဟာ အင်္ဂလန်ကလပ်အသင်းဆီကို ပြန်လည်ရောက်ရှိတော့မယ်လို့ ကစားသမားရဲ့ အေးဂျင့်က အတည်ပြုပြောဆိုသွားခဲ့ပါတယ်။ မိုနာကိုအသင်းကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့လာခဲ့တဲ့ ဘာကာယိုကိုဟာ ၂၀၁၇ ခုနှစ်မှာ ချယ်လ်ဆီးကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

ချယ်လ်ဆီးနဲ့အတူ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီမှာ အေစီမီလန်ကို အငှားနဲ့ သွားရောက်ကစားခဲ့ရတာဖြစ်ပြီး စီးရီးအေကလပ်အသင်းအတွက် ပြိုင်ပွဲစုံ (၄၂)ပွဲကစားပေးခဲ့ပြီး သွင်းဂိုး (၁)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘာကာယိိုကိုကို အခြားကလပ်အသင်းတချို့က ကမ်းလှမ်းမှုတွေ ရှိခဲ့ပေမယ့်လည်း ကစားသမားက ချယ်လ်ဆီးမှာပဲ ပြန်လည်ကစားဖို့ ရွေးချယ်ခဲ့ပါတယ်။

ချယ်လ်ဆီးအတွက် ပရီးမီးယားလိဂ်ပွဲ (၂၉)ပွဲအထိ ကစားပေးထားခဲ့တဲ့ ကွင်းလယ်လူဟာ မိုနာကိုမှာပြသခဲ့တဲ့ ခြေစွမ်းမျိုးကို မပြသနိုင်ခဲ့လို့ ပရိသတ်တွေရဲ့ ဝေဖန်မှုကိုပါ ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။ အေစီမီလန်မှာ ပုံမှန်ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် ဘာကာယိုကိုက ယုံကြည်မှု
အပြည့်နဲ့ ချယ်လ်ဆီးမှာ ပြန်လည်ကစားဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

“ သူ့ကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုအများအပြား ရရှိခဲ့ပါတယ်၊ ဒါပေမယ့် သူ့အတွက် ချယ်လ်ဆီးက အဓိကပါ၊ ချန်ပီယံလိဂ်မှာ သူ ကစားချင်ပြီး လက်ရှိမှာလည်း သူကတည်ငြိမ်တဲ့ ကစားသမားဘဝကို ဖြတ်သန်းချင်နေပါတယ်၊ ဒီအတွက် လန်ဒန်မှာ ပြန်လည်ကစားဖို့ သူ
ဆုံးဖြတ်ခဲ့ပါတယ်” လို့ ကစားသမားရဲ့ အေးဂျင့်က အတည်ပြုပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Credit: foxsports

 

Be the first to comment on "ယံုၾကည္မႈအျပည့္နဲ႔ ခ်ယ္လ္ဆီးကို ျပန္လည္ေရာက္ရွိလာမယ့္ ကြင္းလယ္ကစားသမား"

Leave a comment

Your email address will not be published.


*