အာဆင်နယ် နည်းပြ အာတီတာ ဟာ လက်စတာ နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ရော်နယ်ကိုးမန်း နည်းပြ ရာထူးကနေ ထုတ်ပယ် ခံရပြီးနောက် လစ်လပ်နေတဲ့ ဘာစီလိုနာ နည်းပြ ရာထူးကို ရယူဖို့ စိတ်ဝင်စားသလား ဆိုတဲ့ မေးခွန်းတွေကို တုန့်ပြန် ဖြေကြား လိုက်ပါတယ် ။
အာတီတာ က သူဟာ လက်ရှိ အချိန်မှာ အာဆင်နယ် အသင်းအတွက်ပဲ လုံးဝ အာရုံစိုက်ထားကြောင်း ဖြေကြား သွားခဲ့တာ ဖြစ်ပြီး အသင်းဟောင်း ဘာစီလိုနာ အသင်း ရုန်းကန် နေရတဲ့ အပေါ်လည်း မှတ်ချက် ပေးသွား ခဲ့ပါတယ် ။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ဗယ်လက်ကာနို အသင်းကို ရှုံးနိမ့်ပြီးနောက် ဘာစီလိုနာ အသင်းဟာ နည်းပြချုပ် ရော်နယ်ကိုးမန် ကို နည်းပြ ရာထူးကနေ ထုတ်ပယ် လိုက်ပါတယ် ။ ရော်နယ်ကိုးမန်း ဟာ ဘာစီလိုနာ အသင်းကို ကိုင်တွယ်တာ ၁၄ လ ရှိတဲ့ အချိန်မှာ ထုတ်ပယ် ခံလိုက်ရတာ ဖြစ်ပါတယ် ။

ဘာစီလိုနာ အသင်းဟာ ဒီရာသီ လာလီဂါ ၁၀ ပွဲ ကစားရာမှာ ရမှတ် ၁၅ မှတ်သာ ရယူ ထားနိုင်သေးပြီး အဆင့် ၉ နေရာ ရောက်ရှိ နေကာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ၃ ပွဲ ကစားပြီး ၁ ပွဲနိုင် ၊ ၂ ပွဲ ရှုံးနိမ့် ထားပါတယ် ။
ဘာစီလိုနာ အသင်းဟာ သူတို့ရဲ့ နည်းပြသစ် အဖြစ် ဂန္တဝင်ဟောင်း ဇာဗီ ကို ခန့်အပ် သွားမှာ ဖြစ်ပါတယ် ။ ဘာစီလိုနာ အသင်းမှာ ကစားသမား ဘဝ စတင်ခဲ့တဲ့ အာတီတာ ဟာ ဒီနှစ် အစောပိုင်းမှာ ဘာဆာ နည်းပြ ရာထူး နဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ခဲ့သူ ဖြစ်ပါတယ် ။
အာတီတာ က လက်စတာ နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဘာစီလိုနာ ကို ပြန်သွားဖို့ စိတ်ဝင်စားသလား ဆိုတဲ့ မေးခွန်းကို ” ကျွန်တော် အာဆင်နယ် အသင်းမှာ သိပ်ကို ပျော်ရွှင် နေပါတယ် ၊ ဒီအသင်းမှာ ရှိနေရတာ အခွင့်ထူးတစ်ခုလို့ ခံစားမိပါတယ် ၊ ဒီအသင်းမှာ ဆက်ရှိဖို့ကိုပဲ အာရုံ စိုက်ထားပါတယ် ။ ”

ဘာစီလိုနာ အသင်း ရုန်းကန်နေရမှု အပေါ် ” ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ဖြစ်ပျက် သွားခဲ့တာတွေက အများကြီးပါပဲ ၊ ကိုဗစ်ကြောင့် အသင်းလည်း ထိခိုက်ခဲ့ ရပါတယ် ၊ နောက်ပြီး မက်ဆီလို နှစ်ပေါင်းများစွာ အသင်းရဲ့ အဓိက ကစားသမား အဖြစ် ရှိနေသူ ထွက်ခွာသွားတဲ့ အခြေအနေမျိုးကိုလည်း ကျော်ဖြတ်ဖို့ လိုအပ်နေတာပါ ။ ”
” ဒါတွေ အားလုံးအတွက် အချိန်ကတော့ ယူရမှာပါပဲ ၊ ကျွန်တော် ကတော့ ဘာစီလိုနာ အသင်း အစစ အရာရာ အဆင်ပြေ ကောင်းမွန်စေဖို့ မျှော်လင့် ထားပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
credit# SM
ဘာစီလိုနာ နည်းပြရာထူးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို တုန့်ပြန် ဖြေကြားလိုက်တဲ့ အာတီတာ

vaurawng.com